ဘောဂလိ ဩဂုတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ် သက်၍ သိရှိပြီး ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က မိုးရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ၊ ကြိုတင်ကာကွယ်ရမည့်အချက်များ၊ သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဆောင်ရွက်ရမည့် အချက်များ၊ မီးဘေး၊ လေ ဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ၊ ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက အမြန်ဆုံး ဆေးကုသမှုခံယူကြရန် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ဒေသနေပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဘောဂလိ(ပြန်/ဆက်)