လက်ပံတန်းမြို့၌ ကျောင်းဈေးတန်းများအား စစ်ဆေး

လက်ပံတန်း  ဩဂုတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မအူကုန်ရပ်ကွက်၊ ()လမ်း အထက() ကျောင်းဈေးဆိုင်ခန်းများ၌ ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများအား စားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်က  ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖော်ပြထားရှိမှု ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်းဆုံးသည့်ရက်စွဲများပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး   စားသောက်ကုန်အမျိုးမျိုးအပြင် အခြားကုန်စည်များ ရောင်းချရာတွင်   ပြဌာန်းထားသည့် စည်းကမ်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာ ဖော်ပြရောင်းချနိုင်စေရန် အသိပညာပေးပြောကြားပြီး  ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပါသည့်  လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)