မြိတ်မြို့တွင် ဖိတ်ခေါ်ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး(ဂိုးလတ်) ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

မြိတ်    ဩဂုတ်   ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ မျိုးဆက်သစ်အမျိုးသမီး ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက်  အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် မြိတ်မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလားဖိတ်ခေါ်ကျောင်းပေါင်းစုံ အသက် (၁၈)နှစ် အောက် အမျိုးသမီး(ဂိုးလတ်) ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်း တွင် စတင်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၉)သင်း ပြိုင်ပွဲဝင်အားကစားသမား(၉၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ(၉)ရက်မှ(၁၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲပထမနေ့ပွဲစဉ်အဖြစ် အထက(တုံးဗျော)အသင်းနှင့် အထက(၈)အသင်း၊ အထက(ခွဲ)ရွှေပေးအသင်းနှင့် အလက(၅)အသင်တို့ စတင်ယှဉ်ပိုင်ကစားခဲ့ကြရာ ပြိုင်ပွဲများအား ဆရာ/မများ၊ ကျောင်းသား/သူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)