အုတ်တွင်း သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ တပ်နယ်အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း ကျောင်းသား၊ ကျောင်းသူများအား မီးဘေးကြိုတင် ကာကွယ်ရေးအသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်းလက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး၊ မီးလောင်မှုဖြစ်ပွားခဲ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဉ်ဖြင့် ရေပက်ဖြန်းမီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက သရုပ်ပြဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)