စုကလိ သြဂုတ် ၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဘိလပ်မြေအုတ်လုပ်ငန်းများ ယခင်ထက်စျေးကောင်းရရန် မျှော်လင့်လျက်ရှိသည်။
စုကလိမြို့တွင် ဘိလပ်မြေအုတ်လုပ်ငန်းအား ယခင်နှစ်အစောပိုင်းမှစတင်၍ ဒေသခံများမှ စတင်လုပ်ကိုင်လာကြရာ၊ စျေးရောင်းရရှိလျက်ရှိပြီး ယခုနှစ်တွင် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် သဲ၊ ဘိလပ်မြေများ စသည့်ကုန်များ စျေးတက်လာခြင်းကြောင့် ကုန်ကျစရိတ်ငွေနှင့် ရောင်းချစျေးမှာ အုတ်တစ်လုံးလျှင် ထိုင်းဘတ်ငွေ ၂ ဘတ် ၅၀ ပြားအထိ စျေးတက်လာသည်။
စုကလိမြို့သည် မြို့တော်အင်္ဂါရပ်နှင့်အညီဖြစ်စေရန် တည်ဆောက်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့်တည်ဆောက်နေရာ လာမည့်ပွင့်လင်းရာသီတွင် ဘိလပ်မြေအုတ်များအား ယခင်နှစ်စျေးထက် ယခုနှစ်တွင် ထိုင်းဘတ်ငွေ ၂ ဘတ်ပြား ၅၀ အထိ ရရှိနိုင်ရန်မျှော်လင့်ထား ကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်သည့် ဦးနိုင်လင်းဇော်ထံမှ သိရှိရသည်။
ပိုပိုအောင်