ထန်းတပင်(ပဲခူး) ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် နေကြာသီးနှံအတွက် လိုအပ်သောမျိုးစေ့ဝယ်ယူရန် တောင်သူများလိုအပ်သော ငွေကြေးအရင်းအနှီးကို ပံ့ပိုးပေးနိုင်ရန်မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးအောင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)အကောင်အထည်ဖော် ဆောင်ရွက်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီသီးဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသော မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ကော်မတီ၀င်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)