မြောင်းမြ သြဂုတ် ၉
ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမုန်းစကားနှင့် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(Talk Show)ဆွေးနွေးပွဲတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အမုန်းစကားနှင့် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမုန်းစကားနှင့်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် အွန်လိုင်းအမုန်းစကားကို ခွဲခြားသိမြင်ခြင်း အကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ် မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရပါသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)