ဟင်္သာတ၊ သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ဆက်ဦးစီးဋ္ဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဋ္ဌာနနှင့် မြို့နယ်စာရေးဆရာအသင်း၊ ပညာရေးဋ္ဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှိုင်မြင့်က ယခုလို အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း၊ ခရိုင်ပြန်ဆက် ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ၊လူငယ်နှင့်ရည်မှန်းချက် အကြောင်းဟောပြောခဲ့ပြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးမြတ်သူက စည်းကမ်းမဲ့ အမှိုက်မပစ်ရေးခေါင်းစဥ်ဖြင့် လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းမှ ဦးမြင့်သိန်း (ဘုန်းမင်းရာဇာ)မှ မိတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် ဆရာမဒေါက်တာနွဲ့နွဲ့ရီ(နန်းရွှေရီ)က ပုဂံခေတ်ဟောင်းနှင့် ယနေ့မြန်မာပြည် ခေါင်းစဉ်ဖြင့် လည်ကောင်း၊ ဦးမြင့်အောင် (သစွာဝါဒီ ဦးမြင့်အောင်)က ဆရာ့မေတ္တာ ဆရာ့ကျေးဇူး ခေါင်းစဉ်ဖြင့်လည်ကောင်း ကျောင်းသားလူငယ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အ.လ.က ၃ ကျောင်း အုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အလယ်တန်းဆင့်၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၂၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်
ဟင်္သာတ(ပြန်/ဆက်)