အုတ်တွင်း သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ များ Software Programme စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရုံး ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်(၁၁)ခု၊ ကျေးရွာအုပ်စု (၄၀) အုပ်စုရှိ၊ လူဦးရေလျာထားချက် (၂၉၆၉၀)ဦး ရှိ ပြီး သြဂုတ်လ ၈ရက်နေ့ထိ ဆောင်ရွက်ပြီးစီးမှု လူဦးရေ (၂၄၇၄၉)ဦးရှိပြီး ၈၃.၃၅ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ရာ ကျန်ရှိနေသော အိမ်ထောင်စုလူဦးရေ (၄၉၄၁) ဦးအား အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆ များ Software Programme စာရင်းရေးသွင်းခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုကို ဇူလိုင် ၁၈ ရက်နေ့မှ သြဂုတ် ၁၈ ရက်နေ့ထိ တစ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)