သာယာဝတီမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်

သာယာဝတီ     ဩဂုတ်  

ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်း မြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရှိရာ သာယာဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက အ..က- သာယာဝတီကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ရာတွင် သာယာဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား တစ်ကိုယ်ရည် စစ်ဆေးခြင်းနှင့်  ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခဲ့ကာ သံချဆေးများ တိုက်ကျွေးခဲ့သည်။

သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံ ထက်/လယ်/မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ သတ်မှတ်ရက်များတွင်  ကျောင်းအလိုက် ကျန်းမာရေး ဝန်းထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်ဆက်)