ကော့ကရိတ် သြဂုတ် ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခရိုင်ပြန်ဆက်ရုံး (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးရာ အမှတ်(၇၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ခရိုင်တာဝန်ခံ ဒုရဲမှူးအောင်ကိုဦးက ယဉ်အန္တရာယ်ကင်းရှင်းရန်၊ ယာဉ်တိုက်မှုများ လျော့နည်းပ ပျောက်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများ၊ မီးပွိုင့်တွင်သိထားရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ပြည်သူတွေကို အသိပညာပေးဆောင်ရွက်မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သူတို့ ၏ ဥပဒေပုဒ်မများနှင့် အပြစ်ပေးအရေးယူမှုများ၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်မောင်းများအနေဖြင့် ဖုန်းအသုံးပြုမှု၊ ထိုင်ခုံခါးပတ်မပတ်မှု၊ ဦးထုပ်မဆောင်းခြင်း၊ မူးယစ်ရမ်းကားမောင်းနှင်မှုများကို ဥပဒေနှင့်အပြစ်ပေးအရေးယူမှုများ၊ နံပါတ်ပြားမတပ်ဘဲမောင်းနှင်ခြင်း၊ အခြားနံပါတ်ပြားကိုယူတပ်ခြင်း သက်တမ်းကုန်ဆုံးသော ယာဉ်မောင်းလိုင်စင်ကိုအသုံးပြု၍ မော်တော်ယာဉ်မောင်းနှင်းခြင်းတို့နှင့်ပတ်သက်၍ ဥပေဒေပုဒ်မများ အပြစ်ပေးအရေးယူမှုများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း