သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် Book Club များကစာဖတ်ဝိုင်းကျင်းပ

သံတောင်ကြီး ဩဂုတ် ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများသိရှိစေရန် လူငယ်လူရွယ်များ အကောင်းအဆိုး၊အမှားအမှန်နှင့် အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်ပြီး(Book Club)အဖွဲ့ဝင်များက စာရေးဆရောချစ်နိုင်(စိတ်ပညာ)၏ လူငယ်နှင့်ကြီးပွားရေးအား ယနေ့နံနက်(၁၀) နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြပြီး နော်ယွာအယ် (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် ဘဝစာမေးပွဲနဲ့ ဘဝတိုက်ပွဲ၊ အသက်သွင်းတတ်သော မှော်ဆရာများ၏ကျေးဇူး၊ အယ်ဒီတာ့စာမေးပွဲ၊ ကျွန်တော်ဆရာတစ်ဦး - သော်တာဆွေ၊ နယ်နမိတ်ချောင်းလေးတစ်ခု၊ စသည်တို့ကို ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး နော်မိတူ (Book Club) အဖွဲဝင်ကစဉ်းစားစရာ၊ အနုပညာ၏အရသာ၊ ကမန်းကတန်း ကသုတ်ကရက်နောက်သို့ စသည့်အကြောင်းအရာများကို ဆွေးနွေးပြီး တက်ရောက်လာသည့် (Book Club)အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်လော်မူ