မင်းလှ ဩဂုတ် ၉
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ပူးပေါင်းကာ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်း (မြို့တွင်း)ကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန် က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာမိုးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ချိုတို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမူများ ဆောင်ရွက်ရခြင်းအကြောင်းနှင့် မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်ဥမ္မာဝင်း က ကျောင်းကျန်းမာရေး အသိပညာပေး ပြောကြားသည်။
ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမူ ပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတို့၌ ဆုရရှိသော ကျောင်းသား/သူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း၊ ကျောင်းသား/သူလေးများကို ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းနှင့် အဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)