ဝါးခယ်မ ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ ဝါးခယ်မမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ကြီးကြပ်မှုဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ) ကြက်ခြေနီ အသင်းခွဲငယ်မှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၅/၆/၇/၂၀၂၂) သင်တန်းများအား စတင်ဖွင့်လှစ် သင်ကြားလျက် ရှိကြောင်းသိရသည်။
အဆိုပါ သင်တန်းကို အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)တွင် ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး ဝါးခယ်မမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်နည်းပြများက သင်ကြားပို့ချရာတွင် ရှေ့ဦးသူနာပြုစုခြင်းဆိုင်ရာ နည်းလမ်းများ၊ အသက် ကယ်ပုံကယ်နည်းဆိုင်ရာ နည်းလမ်းများ၊ ဆေးရုံ၊ ဆေးခန်းနှင့် အလှမ်းဝေးသည့် လူနာများအား ရှေးဦးပြုစုနည်းဖြင့် မည်ကဲ့သိုပြုစုရမည် ဆိုင်ရာနည်းလမ်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကို (၅ . ၈ . ၂၀၂၂) ရက်နေ့မှစ၍ (၁၄ . ၈ . ၂၀၂၂) ရက်နေ့အထိ (၁၀) ရက် တိုင်တိုင် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
ဟိန်းထက်လင်း
ဝါးခယ်မ(ပြန်/ဆက်)