ဝါးခယ်မ ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဝါးခယ်မမြို့နယ်၊ စာရေးကုန်းရပ်ကွက်၊ ကျောင်းကြီးလမ်း၌ ဗန်ဒါပင် ပြိုလဲမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ လုံးပတ် (၃)ပေခန့်ရှိသည့် ဗန်ဒါပင်သည် ဦးဗိုလ်အောင်၏ နေအိမ်အမိုးပေါ်သို့ ပြိုကျပျက်စီးရာ ဦးဗိုလ်အောင် အပါအဝင် မိသားစုဝင်များနှင့် အခြားထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။ ယင်းသို့ ပြိုလဲနေသည့် ဗန်ဒါပင်အား ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အင်အား(၁+၉)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ဘက်စုံစုပေါင်း ကွန်ယက်အဖွဲ့အစည်းတို့က စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၁ နာရီခွဲအချိန်ခန့်တွင် အပြီးအစီးရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း