ရွှေတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဆောင်ရွက်

ရွှေတောင် သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျောင်းများတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ဦးဆောင်းမှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအစီအစဉ်ဖြင့် သြဂုတ်လဒုတိယအပတ်မှ စတင်၍မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်းကာကျန်းမာရေး အသိပညာပေးခြင်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးနှင့် စနစ်မှန်သွားတိုက်ခြင်းတို့အား သရုပ်ပြပညာပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း( ပြန် / ဆက်)