သနပ်ပင် ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားကျောင်းသူလေးများ အသိပညာဗဟုတများ တိုးပွားစေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် ပုံပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညိုပြာက ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် ကျောင်းသားကျောင်းသူကလေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာပြီး ကာယ၊ ဉာဏ၊ စွမ်းရည် ပြိုင်ပွဲများတွင် ထူးချွန်ထက်မြက်သော ကလေးများဖြစ်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအလယ်တန်း ဘူတာပိုင်းကျောင်းမှ ကျောင်းသားကျောင်းသူများက ကြိုက်နှစ်သက်ရာ ပုံပြင်များကို တစ်ဦးချင်းအလိုက် စိတ်ဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ပြီး အာဟာရဖြစ်စေရန် ကလေးများကို အအေးဘူးနှင့်မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)