ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ဒိုက်ဦး သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်၊ အားကစား‌၏ အကျိုးကျေးဇူးကို သိရှိပြီး ပုံမှန်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများအကြောင်း သိရှိပြီး မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကတုတ်ဘုရားကြီး အခြေခံပညာအထက်တန်းကျောင်းနှင့် လက်ခုတ်ကွင်းကျေးရွာ အ.လ.က(ခွဲ)တို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွင်းဆင်းရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းဦးက လူငယ်နှင့်ခေါင်းဆောင်ခေါင်းစဉ်ဖြင့် အားကစား၏အဓိပ္ပါယ်၊ အမျိုးအစားများ၊ အားကစားပြုလုပ်ရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အား/ကာသိပ္ပံကျောင်းများအကြောင်း၊ မြန်မာ့လက်ရွေးစင်အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေးပုံ အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး နောက်ကျောင်းသား/သူများအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ Physical Fitness Dance နည်းပြ၊ ဆရာ/ဆရာမများ ဦးဆောင်၍ ကျောင်းသား/သူများ စုပေါင်း၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)