မင်းလှ သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက အမှာစကားပြောကြားပြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဝါငြိမ်းက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းကိုပြောကြားသည်။
ဆက်လက်၍ မြို့နယ်သူနာပြု အဆင့်(၁)ဒေါ်ဥမ္မာဝင်းက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် လေးငယ်များ အဟာရမျှတစွာ စားသုံးတတ်စေရန် တို့ကိုလည်းကောင်း၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်စန်းစန်းဝင်းက အဏုအဟာရဓာတ်ဖြစ်စေသော အိုင်အိုဒင်းဓာတ်အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကလေးငယ်များကို ပေါင်ချိန်ပေးခြင်း၊ MUAC တိုင်းခြင်း၊ ဗီတာမင်(အေ)နှင့် သံချဆေးတိုက်ကျွေးခြင်း၊ မုန့်ပဲသရေစာများကျွေးမွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ဘီတာမင်ဘီဝမ်းဆေးပြားများ တိုက်ကျွေးခြင်းနှင့်၊ အိုင်အိုဒင်းဆား၊ ကြက်ဥများဖြန့်ဝေပေးခြင်းနှင့် နို့တိုက်မိခင်များကို ဗီတာမင်(အေ)ဆေးလုံးများ တိုက်ကျွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)