ဘားအံ ဩဂုတ် ၈
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ ကြီးမှူး၍ ကျောင်းသား၊ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အင်္ဂလိပ်စာဝေါဟာရများ ကြွယ်ဝစေရန်ရည်ရွယ်၍ Kahoot Quiz Game ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက စာဖတ်ရှိန်မြှင့်တင်ရေး Kahoot Quiz Game ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည့်စုံပညာရတနာမိုးကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို စောဂျွန်မင်းစံ၊ ဒုတိယဆုကို စောရန်ပိုင်ထူး၊ တတိယဆုကို မောင်လူထက်ကျော်၊ အထူးဆု (၁) ကို စောဇော်ဝင်းထွဋ်နှင့် အထူးဆု (၂)ကို နန်းချစ်ဝေတို့မှရရှိခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)