နတ်တလင်းမြို့နယ်၌ လမ်းဘေးကွန်ကရစ်လမ်းချဲ့ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်

နတ်တလင်း သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ မင်းလမ်းလမ်းဘေးတစ်ဖက် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့  သိရသည်။

အဆိုပါ ကွန်ကရစ်လမ်း တစ်ဖက် ချဲ့ခင်းခြင်းလုပ်ငန်းအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၁၆၃.၆ သိန်းဖြင့် လမ်းတစ်ဖက် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း အရှည် ၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မဖြင့်  Trillion Engineering United ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး