ကြံခင်းမြို့နယ်တွင် စားသုံးဆီဖူလုံစေရန် မိုးနေကြာ မျိုးစေ့ထုတ်စိုက်ပျိုး ဧက(၁၀၀၀)အား စနစ်တကျ စိုက်ပျိုးထားရှိ

ကြံခင်း  ဩဂုတ် 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ၂၀၂၂ခုနှစ် မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးဧက (၁၀၀၀)အား လျာထားစိုက်ပျိုးလျက်ရှိရာ  ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၀)တွင်  ဇွန်လ(၃)ရက်နေ့မှ စတင်စိုက်ပျိုးပြီး မျိုးကောင်းမျိုးသန့် ထွက်ရှိ‌ရေးအတွက်  စိုက်ပျိုးရေးနည်းပညာများဖြင့် စနစ်တကျ စိုက်ပျိုးကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများ  ပိုးမွှားအန္တရာယ်ကင်းရှင်းစေရေး၊ အထွက်နှုန်းကောင်းမွန်စေရန်  မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစတိုင်းသာနှင့် ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးကြောင်း မြို့နယ် စိုက်ပျိုးရေးမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)