နာဂဒေသလဟယ်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ

လဟယ် ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦး‌ဆောင်ကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန် လဟယ်မြို့ အ.ထ.က ကျောင်း ချယ်ရီခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ဟောပြောပွဲမှာ ဌာန (၅) ခုပါတဲ့ အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေး နွေးကြမှာဖြစ်ကြောင်းနှင့် စာအုပ်စာစောင် ပြပွဲလဲ ပါ၀င်တဲ့အတွက် ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေ လေ့လာဖတ်ရှုကြရန် လိုအပ်ကြောင်း ယနေ့လူငယ် နောင်တွင် နိုင်ငံ့တာဝန်လွဲပြောင်း ထမ်းဆောင်ရမည့် လူငယ်များအနေဖြင့် ရည်မှန်းချက် မြင့်မြင့်ထားရမည်ဖြစ်ကြောင်း ပြောကြားပြီး လူငယ်တွေအတွက် အသိပညာပေး‌ ဆွေးနွေးပွဲ/ဟောပြောပွဲကို မကြာခဏ လုပ်ဆောင်ပေးရန် မှာကြားပါသည်။

ဆက်လက်၍ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှားဆက်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြီး လူငယ်များအတွက် စာဖတ်ရှိန်မြှင့်တင်ရေး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန် ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လဟယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ရန်အေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးငွေသိန်းက ကလေးသူငယ်များ အခွင့်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ထက်အောင်မှ မှူးယစ်ဆေးဝါးနှင့် စိတ်က ပြောင်းလဲစေသော အကြောင်းအရာများကို လည်းကောင်း ဆွေးနွေးဟောပြောခဲ့ပြီး လဟယ်မြို့ အ.ထ.ကကျောင်းအုပ်ကြီး ဦးဝင်းဇော်ဦးက အခုလို မိမိတို့ကျောင်းသားလူငယ်များအတွက် လူငယ်ရေးရာနှင့်ပတ်သက်၍ ဗဟုသုတတွေ မျှဝေဟောပြော ဆွေးနွေးပေးခဲ့တဲ့ ဌာနဆိုင်ရာများအားလုံး အထူးကျေးဇူးတင်ကြောင်း ပြောကြားသည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာကြသော တာန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ပါသည်။             

အဆိုပါ အခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်း၀င်းနှင့် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

လဟယ် (ပြန်/ဆက်)