ဗန်းမောက် ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူဟန်က မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ၊ ဆွေးနွေးသည့် စာအုပ်ပါအကြောင်းအရာများအပြင် မိမိတို့ လေ့လာဖတ်ရှုမှတ်သားထားသည့် အခြားဗဟုသုတရဖွယ် အကြောင်းအရာများကိုပါ ဆွေးနွေးပြော ဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရှိစေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ် Book Club အဖွဲ့ဝင် ဦးချစ်ရွှေက စာရေးဆရာ ပေါက်ပေါက် ရေးသားထားသည့် “စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ” စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ မြို့နယ် Book Club အဖွဲ့ဝင်များနှင့် စာပေချစ်သူများက တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)