လက်ပံတန်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်

လက်ပံတန်း    ဩဂုတ်     ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့ နံနက်ပိုင်းက အထက(၃)  ကျောင်း၌ပြုလုပ်သည်။

ထိုသို့ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်း ဦးဆောင်၍ လက်ထောက်ဆရာဝန်၊ သွားဆရာဝန် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား သွားကျန်းမာရေး စစ်ဆေးခြင်း၊ သန်ချဆေးတိုက် ကျွေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ပြီး၊ အဆိုပါကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကို မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအလိုက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)