အုတ်တွင်း သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း ဝန်းအတွင်း ကျောင်းသား၊ ကျောင်းသူများအားမီးဘေး ကြိုတင်ကာကွယ်ရေး အသိသတိရှိကြ စေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍မြို့နယ် မီးသတ် ဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်းလက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန် က အဆိုပါကျောင်းဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါမီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်မြင့်က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး၊ သရုပ်ပြမီးငြှိမ်းသတ်ခြင်း၊ မီးသတ် မော်တော်ယာဉ်ဖြင့် ရေပက်ဖြန်း မီးငြှိမ်းသတ်သရုပ်ပြခြင်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ကျော်မြင့်၏ ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်များက သရုပ်ပြဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)