ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး (U-18) ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု ဩဂုတ် ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (TSDP) အစီအစဉ်အရ  မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး (U-18) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ဗိုလ်လုပွဲကို အ.ထ.က ကျွန်းစု(က)အသင်းနှင့် အ.ထ.က ကတ္တလူ (က) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အ.ထ.က ကျွန်းစု(က)အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ တံခွန်စိုက်ဖလားကို ရရှိခဲ့သည်။

ထိုနောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ နေရာအသီးသီးအလိုက် အကောင်းဆုံး ကစားသမားဆု၊ တတိယဆုရှိသော အ.ထ.က ကတန်းအသင်းအား လည်ဆွဲဆုနှင့် ငွေသားဆု၊ ဒုတိယရရှိသော အသင်းနှင့် ပထမရရှိသောအသင်းအား လည်ဆွဲဆုနှင့် ငွေသားဆုများအား မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာနှင့် တာဝန်ရှိသူများက ‌ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ပထမဆုရရှိသော အသင်းအား တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)