ကန်ကြီးထောင့်မြို့နယ်တွင် အဏုဇီဝသဘာဝ မြေသြဇာပြုလုပ်မှု သရုပ်ပြပွဲ ကျင်းပ

ကန်ကြီးထောင့် သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် ကန်ကြီးထောင့်မြို့နယ် သမဝါယမအသင်းစုတို့ပူးပေါင်း ဆောင်ရွတ်သော အဏုဇီဝသဘာဝမြေသြဇာ ပြုလုပ်မှုသရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဝါးဒူးကျေးရွာအုပ်စု အနောက်စုကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အသင်းစုချုပ် လီမိတက်ဥက္ကဋ္ဌ ဦးစောအင်ဒရူးပန်းက အဏုဇီဝသဘာဝမြေသြဇာ ပြုလုပ်ပုံအား တောင်သူများပြသရာမှ ရရှိမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူပြာလွင်က သဘာဝမြေသြဇာ ပြုလုပ်ပုံနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အဏုဇီဝသဘာဝမြေသြဇာ ပြုလုပ်ပုံအဆင့်ဆင့် အားလက်တွေ့သရုပ်ပြခဲ့သည်။ အခမ်းအနားသို့ ဝါးဒူးကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ စိတ်ပါဝင်စားသူများ  တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

မဇင် (ပြန်/ဆက်)