မကွေးခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဆောင်းတင်၊ ဒေသဖွံ့​ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဩဂုတ် ၆

မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မကွေးခရိုင်စီမံအုပ်ချုပ်​ရေရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဆောင်းတင်နှင့်အဖွဲ့ဝင်များ၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယ​မန်နေ့ နံနက်(၁၀)နာရီက ပရပ်ကြယ်ကျေးရွာနှင့် ကျခတ်ကန်‌ကျေးရွာများသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

​ရှေးဦးစွာ​ မကွေးခရိုင်စီမံအုပ်ချုပ်​ရေရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဆောင်းတင်က‌ ကျေးရွာပြည်သူများအတွက် ပညာ​ရေး၊ ကျန်းမာရေး၊​ စိုက်ပျိုး​ရေး၊ ​​ရေရရှိရေး၊ မီးလင်း​ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မ‌ကွေးခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ကျေးရွာ​နေပြည်သူများ လိုက်နာသိရှိနိုင်ရန် လုံခြုံ​ရေးဆိုင်ရာကိစ္စရပ်များနှင့် မိမိရပ်ရွာလုံခြုံရေးအတွက် အားလုံးပူး​ပေါင်း​ဆောင်ရွက်​‌ရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်​ရောက်လာသည့်​ ကျေးရွာ​ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများက ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မကွေးခရိုင်စီမံအုပ်ချုပ်ရေရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပရပ်ကြယ်ကျေးရွာ ဘုန်းတော်ကြီးကျောသ်းတွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်ဝင်း (ပြန်/ဆက်)