ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်

ညောင်လေးပင် ဩဂုတ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ခဲ့သော ပြည်သူများအတွက် ထောက်ပံ့ပေးခြင်းကို ယနေ့မွန်းလွဲ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် (..၂၀၂၂) ရက်နေ့၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ သောင်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးသွားသော ဝေပုလ္လဘုန်းတော်ကြီးကျောင်းရှိ သံဃာနေကျောင်းဆောင် ()ဆောင်အတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဘုန်းမောင်နှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)