ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ အသိပညာဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်

ကြံခင်း ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ  ဝါခေါင်လဆန်း (၈)ရက်နေ့   ဇီဝိတဒါနကုသိုလ်အလှူအဖြစ်  ပြည်လုံးချမ်းသာလေးထပ်ကြီးဘုရား တန်ဆောင်းအတွင်း  ဆရာ လေးများ၊  ယောဂီများနှင့် ဥပုသ်သီလဆောက်တည်ကြသော ပြည်သူများအား ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ တန်ဆောင်းအတွင်း အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။

ထိုနောက်မြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာမြင့်က သွေးတိုးရောဂါ၊ လတ်တလောလေဖြတ်ခြင်းနှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန် အသိပညာပေး ဟောပြောပြီးနောက် လေးထပ်ကြီးဘုရားတန်ဆောင်းအတွင်း မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာမြင့်နှင့် ဝန်ထမ်းများက ဆေးကုသပေးရာ ဆရာလေးများ၊ ယောဂီနှင့် သီလဆောက်တည်သူ ပြည်သူ(၅၈)ဦးအား သွေးတိုး၊ ဆီးချို၊ ဖျားနာ၊ ‌ ဒူးနာရောဂါများအပြင် ဆေးကုရန် လာရောက်ကြသော ပြည်သူများတွင် ခံစားရသောရောဂါများကို (အခမဲ့)ကုသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)