ဇလွန် သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အ.ထ.က (၁) ဇလွန်အခြေခံ ပညာ အထက်တန်းကျောင်းတွင် "အမှိုက်စွန့်ပစ်မှု အလေ့အကျင့် ကောင်းများဖြစ်ပေါ်လာစေရေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအား စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ကျစေရေးနှင့် အမှိုက်စွန့်ပစ်မှု အလေ့ အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန်၊ အမှိုက်အမျိုး အစားများ၊ အမှိုက်မှ တစ်ဆင့် ရောဂါများ ရရှိနိုင်ပုံများ၊ အမှိုက်အမျိုးအစားအလိုက် ဆွေးမြေ့ရန် ကြာမြင့်မှု သက်တမ်းများ၊ ပလတ်စတစ် လျော့ချစေရေး ပြုမူဆောင်ရွက်လိုက်နာရမည့် အချက်များအား အသိပညာပေး ဟောပြောခဲ့ပြီး "မြို့သန့်ရှင်းသာယာလှပရေးအတွက် စနစ်တကျအမှိုက်များ စနစ်တကျသိမ်းဆည်းမှုအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါစို့" အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)