ကြာအင်းဆိပ်ကြီး ဩဂုတ် ၅
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကလေးငယ်များ ပျော်ရွှင်စွာစာဖတ်ခြင်းနှင့် ကစားစရာပစ္စည်းအရုပ်များဖြင့် ကစားနိုင်စေရေးအတွက် ကလေးစာဖတ်ခန်းအား သီးခြားထားရှိပြီး ပုံပြင်၊ ရုပ်ပြ၊ ရွှေသွေးဂျာနယ်၊ စာအုပ်၊ စာစောင်များနှင့် ကစားစရာပစ္စည်းများစွာ ထားရှိပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များမှ လာရောက်လေ့ရှိပြီး ရုပ်ပြကာတွန်းစာအုပ်များ ရွှေသွေးဂျာနယ်များ ဖတ်ရှုခြင်းနှင့် ၎င်းတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး ပုံပြင်ဖတ်ပြခြင်းများ ပြုလုပ်လျက်ရှိပြီး ကစားစရာ အရုပ်ပစ္စည်းများဖြင့်လည်း ၎င်းတို့အချင်းချင်း ပျော်ရွှင်လွတ်လပ်စွာဖြင့် ကျောင်းပိတ်ရက်များ၌ အစဉ်အမြဲလာရောက်ပြီး စာဖတ်ခြင်းနှင့် ပျော်ရွှင်စွာ ကစားလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)