မြို့သစ်တွင် ဆရာရွှေဥဒေါင်း၏ အဟာရနှင့် ကျန်းမာရေးစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

မြို့သစ် သြဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက်  လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ ဝင်များမှ ဆရာရွှေဥဒေါင်း၏ အဟာရနှင့် ကျန်းမာရေး”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များ ၊ (Book Club) အဖွဲ့ဝင်များက အစာအဟာရနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)