အုတ်တွင်း သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ရှိ စျေးစတိုးဆိုင်များတွင် ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာအမျိုးမျိုးနှင့် သွားတိုက်ဆေးအမျိုးမျိုးတို့တွင် သတ်မှတ်ကုန်ညွှန်း အမှတ်အသားများ၊ အလေးချိန်ပါဝင်မှုပြည့်စုံခြင်း ရှိ/မရှိ ကို လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ စျေးစတိုးဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုးစသည့် ကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန်ပါဝင်မှု ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံပါရှိမှသာ ရောင်းချသွားရန် စျေးစတိုးဆိုင်ရောင်းချသူများအား အသိပညာပေးပြောကြားခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်ထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)