လှိုင်းဘွဲ ဩဂုတ် ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပစေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ ပြည်သူများအပန်းဖြေ အနားယူနိုင်ရန်အတွက် ပြည်သူ့ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့ (က) ရပ်ကွက်အတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ဝင်း သန့်ရှင်းသာယာလှပစေရေးအတွက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၂၂.၂၈၀) ကျပ်သန်းဖြင့် အကျယ်အဝန်း (၁၃၄,၀၀၀) စတုရန်းပေ၊ ထု ၄ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)