ကော့ကရိတ်မြို့၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်စာအုပ်အား စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် သြဂုတ် ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်းတို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့်ခေါင်းဆောင်ကောင်းနှင့်စကားပြော စွမ်းရည်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၁နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့်ဗဟုသုတအကြောင်းအရာများကို အပြန် အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းများကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် BookClubအဖွဲ့ဝင်များဖြစ်ကြသည့် ဦးတင့်မော်က လူတစ်ဦးသည်သူ၏ အိမ်မက်များဆီသို့ ယုံကြည်စွာရှေ့ဆက်သွားလျှင် သာမန်အချိန်တွင်မတွေ့ဖူးသော အောင်မြင်မှုမျိုးကို သူရရှိမည်ဆိုသည့်မိမိကိုယ်ကိုယုံကြည်ခြင်းခေါင်းစဉ်ပါအကြောင်းအရာကိုလည်းကောင်း၊ ဦးစခင်သန်းက အချိန် ကိုက်မှုဆိုတာအရာရာပါပဲ၊ သေသေချာချာစနစ် တကျပြင်ဆင်ထားမှုသာ ကိုယ်ဘက်ကရှိထားခဲ့မယ်ဆိုရင် အခွင့်အခါကောင်းနဲ့ကံကောင်းခြင်းတို့ ကိုယ်ဆီရောက်လာမှာပါဆိုတဲ့ ”အချိန်ကိုက်မှုနိယာ မခေါင်းစဥ်တို့အားလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်စာဖတ်ပရိသတ်များက  အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)