ကဝမြို့နယ်တွင် VREP ကျေးရွာမတည်ရန်ပုံငွေ အတိုး/ အရင်း ပေးဆပ်နိုင်ရေး အစည်းအဝေး ကျင်းပ

ကဝ သြဂုတ် ၄

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ VREP ကျေးရွာ မတည်ရန်ပုံငွေ အတိုး/အရင်းပေးဆပ်နိုင်ရေး အစည်းအဝေးကို ယနေ့ နံနက် (၉:၃၀) နာရီအချိန်တွင် အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်က VERP ကျေးရွာမတည်ရန်ပုံငွေ ချေးယူထားကြသည့် စီမံကိန်းဝင် ကျေးရွာများအနေဖြင့် ကျသင့်သည့်ငွေရင်းနှင့် အတိုးနှုန်းတို့အား ကျေလည်စွာပေးဆပ်နိုင်ရေးနှင့် ပတ်သက်၍ စီမံကိန်းဝင် ကျေးရွာများမှ တက်ရောက်လာသူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ စီမံကိန်းဝင် ကျေးရွာ(၈)ရွာမှ အဖွဲ့ဝင် (၂၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)