ဟုမ္မလင်း၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ဟုမ္မလင်း ဩဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဩဂုတ်လ (၃)ရက်နေ့ နံနက်(၈)နာရီမှစတင်ကာ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ ထိုးနှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူကျန်းမာ‌ရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးတင်မောင်ဝင်းနှင့် တာဝန်ကျဆရာမများက မွေးကင်းစမှ အသက်(၂) နှစ်‌အောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/တိုက်ကျွေးခြင်းလုပ်ငန်းများကို ​ဆောင်ရွက်ခဲ့ရာ မြို့ပေါ်၊ ရပ်ကွက်/ကျေးရွာများမှ လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဩဂုတ်လ(၃)ရက်နေ့မှ (၅)ရက်နေ့အထိ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)