ရွှေတောင် သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ် (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ရွှေတောင်မြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိ ယနေ့ထိ ထိုးနှံပြီးသူ (၂၁၉၉၈)ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး၍ ခြောက်လပြည့်ပြီးသောသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ကို ထိုးနှံပေးခဲ့သည်။ ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့မှ ပြည်သူတို့အား ကျန်းမာရေးဝန်ထမ်း များက Booster Dose) ကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)