ကော့ကရိတ် သြဂုတ် ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ အသက် ၆ လမှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်(အေ)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဆေးတိုက်ကျွေးစုရပ်များတွင် တိုက်ကျွေးခဲ့ကြသည်။
မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဆရာမများမှ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်တွေမှာရှိတဲ့ အသက်(၆)လမှ (၁) နှစ်ကလေးငယ်တွေကို ဗီတာမင် (အေ) တစ်သိန်းအား၊ အသက်(၁)နှစ်မှ (၅)နှစ်အောက် ကလေးငယ်တွေကို ဗီတာမင်(အေ) နှစ်သိန်းအားနဲ့ အသက်(၂)နှစ်မှ (၅)နှစ်အောက် ကလေးငယ်တွေကို သံချဆေး တိုက်ကျွေးပေး တာဖြစ်ပြီး ကျေးရွာများတွင်လည်း ဆေးတိုက်ကျွေးသွားမှာဖြစ်ပါတယ်ဟု ကျန်းမာရေးဆရာမတစ်ဦးမှ ပြောကြားသည်။
ကော့ကရိတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများအပြင် နို့တိုက်မိခင်များကိုလည်း ကလေးငယ်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်ဆက်)