လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့က စာဖတ်ဝိုင်းနှင့် စိတ်ကြိုက်ပန်းချီရေးဆွဲပွဲကျင်းပ

လှိုင်းဘွဲ   ဩဂုတ်  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club သင်း)တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသည့်  ကမ္ဘာရွာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ကျောင်း သူများအနေဖြင့် မိမိအနာဂတ်အတွက် ရည်ရွယ်ချက်မြင့်မြင့် ထားခြင်း၊ ဗဟုသုတတိုးပွားဖို့အတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုရမည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကမ္ဘာရွာစာအုပ်ထဲမှ အမုန်းနှင့်မေ တ္တာအကြောင်း၊ စာအုပ်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များဖြစ်ကြသည့် မနှင်းနှင်းဦးကယဉ်ကျေးသူနှင့်ကိုယ်ကျင့်တရားအမွေအ ကြောင်း၊ နော်အေးချမ်းမေကကမ္ဘာရွာနှင့် အရာရာမှာသတိရှိပါအကြောင်း၊ မစုစုထွေးက အရည်အသွေးအပြိုင်အဆိုင်နှင့် အရပ်ပုသော် စာအုပ် ခုလိုက်ပါအကြောင်းများကို ဖတ်ကြားခဲ့ပြီးအဖွဲ့ဝင်များမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာအုပ်၊စာစောင်ချစ်မြတ်နိုးသူများကအဖွဲ့က သဘာဝဝန်းကျင်လှပရေး ရည်ရွယ်ချက်ဖြင့် စိတ်ကြိုက်ပန်းချီရေးဆွဲပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)