သရက်မြို့၍၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး  ထိုးနှံပေး

သရက် ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့ပေါ်(၈)ရပ်ကွက်မှ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၂)လ ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်းအဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ(ပထမအကြိမ်)၊ (၄)လအရွယ် ကလေးငယ်များကို ပိုလီယို၊ ပြင်းထန်းအဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ဒုတိယ)အကြိမ်၊ (၆လ)မှာ (တတိယအကြိမ်) ထိုးနှံရပြီး အသက်(၉)လမှာ ဂျပန်ဦးနှောက် ရောင်၊ဝက်သက်၊ ဂျိုက်သိုး(ပထမ)အကြိမ်နှင့် အသက်(၁)နှစ်(ခွဲ)မှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေးများကို စတုတ္ထအကြိမ်နှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် ကျန်ရှိနေသည့် ကလေးငယ်များအား ဩဂုတ်(၅ရက်၊ (၆)ရက်နေ့ထိ ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)