ပန်းတောင်းမြို့နယ် ခုံကြီးကျေးရွာအတွင်းရှိ ရွှေတံငါချောင်းရေကာတာများ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေး

ပန်းတောင်း သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ခုံကြီးကျေးရွာအတွင်းရှိ ရွှေတံငါချောင်းရေကာတာများ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်သူရ၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်ညီ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ နယ်မြေတာဝန်ခံ ဝန်ထမ်းများနှင့် ပန်းတောင်းမြို့နယ် လဲကျေးရွာအုပ်စု/ ခုံကြီးကျေးရွာအတွင်းရှိ ရွှေတံငါချောင်းရေကာတာများ ပြီးစီးမှုအခြေအနေများစစ်ဆေးပြီး လိုအပ်သည်များကို မြေပုံနှင့်တကွ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

၎င်းရေကာတာများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်းကြီးဌာနအောက်ရှိ ရေအရင်းအမြစ်ဦးစီးဌာနမှ ဦးစီးပြီး ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)