ကျောင်းကုန်း ဩဂုတ် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် အသက်မွေး ဝမ်းကျောင်း လျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အဆိုပါ ကျေးလက်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတင်မောင်က ဒီအတိုင်း ရပ်မနေကြပဲ ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး၊ မြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြစ်တဲ့ အတွက် အကျိုးရှိစေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီး ဦးစီးအရာရှိ ဒေါ်ဝါဝါမြတ်မွန်က လျှပ်စစ်သံဂဟေဆက်သင်တန်းကို ၄.၇.၂၀၂၂ ရက်နေ့မှ ၃.၈.၂၀၂၂ ရက်နေ့အထိ သင်တန်းကာလ ရက်ပေါင်း(၃၀) စာတွေ့/လက်တွေ့ သင်ကြာပေးခဲ့ရာ ဆက်လက် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်မှ တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များ သင်တန်းဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ထို့နောက် ယခုဖွင့်လှစ်သည့် လျှပ်စစ်သံဂဟေဆက်သင်တန်း၌ ထူးချွန်သူ (၂)ဦးအား ဆုများချီးမြှင့်ခဲ့ပြီး၊ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)