ရွှေဘိုခရိုင်အတွင်းရှိ မသန်စွမ်းဦးရေ (၅၈၀၀) ကျော်အား တစ်ဦးလျင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့

ရွှေဘို စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မသန်စွမ်းဦးရေ (၅၈၀၀) ကျော်အား တစ်ဦးလျင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ယနေ့နံနက် (၁၀) နာရီမှ စတင်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် ရွှေဘိုခရိုင်အတွင်း နေထိုင်သော တစ်ကြိမ်တစ်ခါမျှ ထောက်ပံ့ကြေးမရသေးသော မသန်စွမ်း တစ်ဦးလျင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် ဝက်လက်မြို့နယ်မှ(၁၂၇၄)ဦး၊ ခင်ဦးမြို့နယ်မှ (၆၄၇) ဦး၊ တန့်ဆည်မြို့နယ်မှ (၁၁၂၈)ဦး၊ ရေဦးမြို့နယ်မှ (၉၃၉)ဦး၊ ဒီပဲယင်းမြို့နယ်မှ (၄၈၁)ဦးနှင့် ရွှေဘိုမြို့နယ်မှ (၁၃၆၀) ဦး စုစုပေါင်း မသန်စွမ်း (၅၈၂၉) ဦးအတွက် ငွေကျပ်  (၁၇၄၈၇၀၀၀၀) ကျပ်ကို  လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင် ထံမှသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)