လဟယ် စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်းရှိ မသန်စွမ်းသူများအတွက် wheel chairs များနှင့် လဟယ်ပြည်သူ့ဆေးရုံ အတွက် လိုအပ်သော ဆေးဝါးများအား အလှူရှင်များ ကိုယ်စားနာဂဦးစီးအဖွဲ့မှ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နာဂဒေသ ဦးစီးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလှူရှင်များကိုယ်စား နာဂဦးစီးအဖွဲ့ က လဟယ်မြို့နယ်အတွင်းရှိ မသန်စွမ်း သူများအား Weel Chairs များ၊ လဟယ်ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသော ဆေးဝါး ပစ္စည်းများနှင့် ထောက်ပငွေများ ပေးအပ်လှူဒါန်းသည်။
အဆိုပါ လှူဒါန်းမှုတွင် အလှူရှင်များဖြစ်ကြသော Dingdi Dream Organization အဖွဲ့မှ နာဂဒေသ အတွင်းရှိမသန်စွမ်းသူများအတွက် Week Chairs(၄၁)လုံး၊ medi Myanmar group L.td မှ လဟယ်ပြည်သူ့ဆေးရုံအတွက် ဆေးဝါး (၂၃) မျိုးပါ ဂျပ်ဖာ (၄၇) ဖာ၊ madalar Minn highway Express မိသားစုမှ လဟယ်ပြည်သူ့ဆေးရုံ ဆေးပဒေသာပင်အတွက် ငွေကျပ်(၁၀) သိန်းနှင့် spike collection မှ အမျိုးသမီးအ၀တ်အထည်များ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရှားဆက်(ပြန်/ဆက်)