ပေါင်းတည် စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မြို့နယ် Mask ဖမ်းဆီးကြီးကြပ်ရေး အဖွဲ့တာဝန်ခံ မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဦးနိုင်ဝင်းသိန်းနှင့် အဖွဲ့ဝင်များသည် အိမ်မှအပြင် ထွက်တိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေ တပ်ဆင်ကြရေးအတွက် စိစစ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ အလှူရှင် ပေါင်းတည်မြို့ မှတ်တိုင်လမ်းနေ မောင်စိုးမြင့်အောင်က မွေးနေ့ အလှူအဖြစ် ဒေသခံများ Mask မဖြစ်မနေ တပ်ဆင်ရေးသွားလာနိုင်ရေးအတွက် ရည်ရွယ်၍ လာရောက် လှူဒါန်းသည့် Mask(၅၀၀)ခုအား မြို့မစျေးကြီးနှင့် ရန်ကုန်ပြည်ကားလမ်းတစ်လျှောက်ရှိ ဒေသခံ ပြည်သူများအား ဟန်းစပီကာဖြင့် Mask နှာခေါင်းစည်းများမပါလျှင် လာရောက်ယူနိုင်ပါကြောင်းနှင့် တပ်ဆင်သွားလာပေးကြပါရန် ကြေညာနှိုးဆော်၍ အလှူရှင်နှင့်အတူ ပူးပေါင်းအဖွဲ့များ ပါဝင်ပြီး လိုက်လံဝေငှခြင်းအား လုပ်အားပေးကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)