ကော့သောင်း သြဂုတ် ၃
ကော့သောင်းမီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလေ့ကျင့်မူများကိုတပ်ဖွဲ့ စခန်းတွင်သြဂုတ်လ၃ရက်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဆောင်ရွက်မှုတွင် ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များအားပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ဖြစ်ပွားလေ့ရှိသော ငါးဖမ်းလှေနှင့် ခရီးသည်တင် ထိုင်း/မြန်မာ ကူးတို့လှေငယ်တို့ ရာသီဥတုဆိုးရွားစဉ် တိမ်းမှောက်နှစ်မြှုပ်ခဲ့လျှင် လျှင်မြန်စွာ တုံ့ပြန်ရှာဖွေကယ်ဆယ်နိုင်ရန် ရေငုတ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းသင်ကြားပြသပေးခဲ့သည်။
ကျော်စိုး(ကော့သောင်း)