လိပ်သိုမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်

လိပ်သို သြဂုတ် ၃

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ယနေ့နံနက် ၉း၀၀ နာရီမှ စတင်၍ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများအား တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုနှံခြင်းတွင် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမများက အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို ကလေးငယ်များအား စနစ်တကျ စိစစ်၍ တိုက်ကြွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

လိပ်သို (ပြန်/ဆက်)